ဖွင့်လက်စ App တွေကို ဟိုဘက်ဒီဘက်တွန်းပြီးပြောင်းပေးမဲ့ Kakudo

iPad User တွေအတော်များများက Android ကိုပြောင်းသုံးလိုက်ပြီဆိုတာနဲ့ရှိနေတဲ့ကွာခြားချက်တစ်ခုက
တော့ ဖွင့်လက်စ Recent application တွေကိုဟိုဘက်ဒီဘက်လက်လေးချောင်းနဲ့ဆွဲရတဲ့ Side-Swiping
Function ကိုသတိရစရာတစ်ခုဖြစ်နေမှာအသေချာပါပဲ။ အခုပြောပြပေးချင်တာကတော့ Side-Swiping
ကို Android မှာအကောင်ထည်ဖော်ပေးမဲ့ Kakudo ဆိုတဲ့ Switching and Multitasking ပါဝင်တဲ့ app
လေးတစ်ခုအကြောင်းပါပဲ။ ဒီ app လေးကိုတော့ XDA-Developers Site မှ Acela1230 ဆိုသူကရေးသား
ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။
..
ပါဝင်သော Feature များ
- ဖုန်း၏ ဘေးဘက်ခြမ်း ညာမှဘယ် ဘယ်မှညာဘက်သို့တွန်း၍ ဖွင့်လက်စ app များအားကူးပြောင်းခြင်း
- ဖုန်းအောက်ခြေမှတွန်းတင်၍ မိမိနှစ်သက်သလိုထည့်ထားသော App များအား Drawer အဖြစ်ပြခြင်း
- အသုံးပြုလေ့ရှိသော toggles များကိုလည်း Favorite Drawer တွင်ထည့်ထားနိုင်ခြင်း
- ဖုန်း power ဖွင့်ဖွင့်ခြင်းမှာစတင်အသုံးပြုနိုင်ခြင်း
- Toggle တွေဖွင့်ထားမထားကို Toggle များတွင်ဖော်ပြထားပေးခြင်း
- Drag and Drop လုပ်ပြီး Favorite Drawer ထဲမှ app များအားပြန်စီခြင်း နှင့် ဖျက်ပစ်ခြင်း
- ဘေးတွင်ပွတ်ယူရမည်နေရာ အထိအတွေ့နှင့်အကျယ်အ၀န်းအား သတ်မှတ်နိုင်ခြင်း
- Favorite Drawer မှ icon size အားအကြီးအသေးချိန်နိုင်ခြင်းတို့ပါဝင်ပြီး အောက်ပါ Language များကိုပါပြောင်းလဲအသုံးပြုနိုင်ပါသည်။

English, Spanish, German, French, Italian, Russian, Hungarian, Chinese, Portuguese, Polish, Romanian


Download လုပ်၍စမ်းသပ်လိုသူများ Google Market ထဲတွင် Kakudo အမည်ဖြင့်ရိုက်၍ရှာနိုင်ပါတယ်။






Source: XDA-Develpers
M.Min

No comments:

Post a Comment