GSM Postpaid ဖုန်းအသုံးပြုသူများအနေဖြင့်
အွန်လိုင်းမှတစ်ဆင့် ဘီလ်ဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာဘဏ်သို့သွားရောက်ကာ
Online Payment Account တစ်ခု ဖွင့်ရမည်ဖြစ်သည်။ အဆိုပါအကောင့်မှာ
လက်ရှိအချိန်တွင် ဖုန်းဘီလ်ဆောင်ရန်အတွက်သာ ရရှိသေးသော်လည်း
နောက်ပိုင်းတွင် အွန်လိုင်းမှဈေးဝယ်နိုင်မည့် Online Payment စနစ်၊
အွန်လိုင်းမှမီတာဆောင်နိုင်မည့် အွန်လိုင်းမီတာစနစ်တို့ကိုပါ
တွဲဖက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အွန်လိုင်းဈေးဝယ်ခြင်းအတွက်
အဆိုပါအကောင့်အသုံးပြု၍ www.ypay.com.mm ဖုန်းဘီလ်ဆောင်ခြင်းအတွက်
http://billing.yatanarpon. com.mmယ, မီတာဘီလ်ဆောင်ခြင်းအတွက်
http://ebilling.ypay. com.mm စသည့် ၀က်ဘ်ဆိုက်အသီးသီးတွင်
အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ရန်ကုန်မြို့၌
အွန်လိုင်းမှဖုန်းဘီလ်ဆောင်ခြင်းတစ်မျိုးတည်းကို ပြုလုပ်နိုင်သော်လည်း
နေပြည်တော်နှင့်မန္တလေးတွင်မူ အဆိုပါအကောင့်ဖြင့်
မီတာဘီလ်ပါဆောင်နိုင်ပြီဖြစ်ကြောင်း သိရသည်။ Online Payment Account
ဖွင့်ရန်အတွက် ဖုန်းဘီလ်ဆိုပါက ဖုန်းစာအုပ်မိတ္တူတစ်စုံ၊
ငွေကျပ်တစ်သောင်းဖြင့်ဖွင့်နိုင်မည်ဖြစ်ပြီး မီတာဘီလ်အတွက်
နောက်ဆုံးဆောင်ထားသောဖြတ်ပိုင်းမူရင်း လိုအပ်မည်ဖြစ်သည်။ အဆိုပါစနစ်မှာ ၂၄
နာရီဝန်ဆောင်မှုဖြစ်၍ မိမိနှစ်သက်ရာအချိန်တွင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
၎င်းကို ရတနာပုံဝက်ဘ်ပေါ်တယ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊
ပြည်တွင်းပုဂ္ဂလိကဘဏ်များ အစရှိသည်တို့မှ
အကောင်အထည်ဖော်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
အွန်လိုင်းမှဈေးဝယ်နိုင်မည့်စနစ်ကို မကြာမီအကောင်အထည်ပေါ်စေရန်
ဆောင်ရွက်လျက်ရှိသည်ဟုသိရသည်။
Internet Journal
No comments:
Post a Comment