Huawei မှထုတ်မည့် P6-U06 ကမ္ဘာအပါးလွှာဆုံးဖုန်းအား ဓါတ်ပုံဖြင့်သာထုတ်ဖော်ပြသခဲ့


ထုတ်ဖော်ပြသထားတဲ့ Specification အရ ကမ္ဘာမှာအပါးလွှာဆုံးတစ်လုံးပဲဖြစ်ပါတယ်။ 6.18 mm ပဲရှိပြီး ဓါတ်ပုံထဲမှာဖော်ပြထားချက်အရ iPhone 5 နဲတော့ဆင်တူနေတာကိုတွေရပါတယ်။ ကမ္ဘာပေါ်မှာအပါးလွှာ ဆုံးဖုန်းတစ်ခုအဖြစ်ထုတ်လုပ်မယ်လို့ပြောထားခြင်းကလွဲပြီး ဒီ P6-U06 ကိုထွက်လာမဲ့အချိန်ကိုအခုထိ တရားဝန်ထုတ်ဖော်ပြောထားခြင်းမရှိသေးပါဘူး။ Dual SIM ကဒ်သုံးလိုရမယ်လို့လဲသိထားရပြီး သူ့မှာပါ ၀င်လာမဲ့ Hardware အရည်အချင်းတွေကတော့ 4.7-inch 720p touchscreen နဲက CPU က 1.5GHZ quard-core one ကိုအသုံးပြုထားတယ်လို့လဲပြောထားပါတယ်။ 2GB RAM ပါဝင်ပြီး Internal Memory 32GB ပဲဖြစ်ပါတယ်။ Android OS Version 4.1.2 ကိုအသုံးပြုမယ်လို့လဲပြောထားပါသေးတယ်။
..
ဈေးနှုန်းဘယ်လောက်ဖြစ်မယ်ဆိုတာကိုလဲဖော်ပြထားခြင်းမရှိသေးပါဘူး



M.Min
Source: www.androidauthority.com

No comments:

Post a Comment